The History of Paper Money - Origins of Exchange - Extra History - #1

The History of Paper Money – Origins of Exchange – Extra History – #1

Giant stones sunk under the sea? Cows? Cowrie Shells? What do they all have in common? They were all money. Find out how we got from exchanging these things to doing 8 hours of work for a stack of paper that takes 2 seconds to print on The History of Paper Money.
(–More below)

Support us on Patreon!

Grab your Extra Credits gear at the store!
Subscribe for new episodes every Saturday!

Play games with us on Extra Play!

Talk to us on Twitter (@ExtraCreditz):
Follow us on Facebook:
Get our list of recommended games on Steam:
____________

♪ Get the intro music here!

*Music by Demetori:

♪ Get the outro music here!

*Music by Sean and Dean Kiner:

ဘာကြောင့် လေးထောင့်ကျကျ စက္ကူရွက်လေးရဖို့အတွက် တစ်ရက်ကို ၁၀နာရီလောက်အလုပ်လုပ်ဖို့ ဖြစ်လာရသလဲ? [ ဆီလျော်အောင် ပြန်ဆိုထားပါသည်။ မူရင်းအတိုင်း အတိအကျ ပြန်ဆိုထားခြင်းမဟုတ်ပါ။ ] ပုံပြင်လေးက အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ငွေကြေးလဲလှယ်မူအတွက် ရွှေထည်၊ ငွေထည် အသုံးပြုရာကနေ စက္ကူငွေသုံးဖို့ ဖြစ်လာတာပါ။ ဒါဟာ အင်မတန် အရေးပါတဲ့ ပြောင်းလဲမူဖြစ်ပါတယ်။ အဲ့သလို ပြောင်းလဲမူမရှိခဲ့ရင် စက်မူခေတ်နဲ့… စက်မူခေတ် နောက်ပိုင်း ထွန်းကားလာတဲ့ စီးပွားရေးစနစ်ဆိုတာ မရှိနိုင်ပါဘူး။ အဲ့ဒီပြောင်းလဲမူကပဲ စီးပွားရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေပြောင်းလဲစေခဲ့ပါတယ်။ ပြီးတော့ အစိုးရယန္နဌား လည်ပတ်ဖို့ ငွေကြေးထောက်ပံတဲ့စနစ်ကိုလည်း ပြောင်းလဲစေခဲ့ပါတယ်။ ဒီရှည်လျားကျယ်ပြောတဲ့ ပြောင်းလဲမူကို လေ့လာခြင်းဖြင့်…. ပိုက်ဆံနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ အတွေးအမြင်တွေကို…. ပြောင်းလဲသွားစေနိုင်ပါတယ်။ စက္ကူကို ပိုက်ဆံလို့မြင်လိုမြင်၊ (သို့) ကွန်ပျူတာကပေါ်က ဂဏန်းတွေလို့ မြင်လိုမြင် 1 တွေ 0 တွေကို ပိုက်ဆံထင်နေတာတဲ့ အယူအဆတွေကို ပြောင်းလဲသွားစေမှာပါ။ ဒီပုံပြင်လေးမစခင်…. လူတွေက စက္ကူလေးတစ်ရွက်ဟာ…. အမှန်တကယ်တန်ဖိုးရှိတယ်လို့… ဘာကြောင့် ယူဆကြရသလဲဆိုတာနဲ့ စဆွေးနွေးကြည့်ကြရအောင်။ လူအဖွဲ့အစည်းရဲ့ ကနဦးကာလကို စိတ်မှန်းလေးနဲ့ သွားကြရအောင်…. အဲ့တုန်းကတည်းက ကုန်သွယ်မူဆိုတာရှိခဲ့တယ်…. လူတွေ မြို့ရွာထောင်ပြီး အခြေမချခင်ကတည်းကပေါ့…. တစ်ယောက်နဲ့ တစ်ယောက် ပစ္စည်းတွေအပြန်အလှန် ဖလှယ်ခဲ့ကြတယ်။ လူတွေ ရွာတည်၊ မြို့ထောင်ပြီး အခြေချလာကျတော့…. လူတိုင်း ကိုယ်ကျွမ်းကျင်တဲ့ အလုပ်တစ်ခုတည်းကို တစ်စိုက်မတ်မတ်လုပ်လာကြတယ်။ အဲ့တာကြောင့်လည်း ပစ္စည်းဖလှယ်တဲ့ စနစ်ထွန်းကားလာတယ်။ ကုန်သွယ်စီးဆင်းမူလို့ပြောလိုက်ရင် ရပ်ဝေးမြေခြား ပစ္စည်းရောင်းဝယ်မူကို ပြေးမြင်တတ်ကြတယ်။ စိတ်ထဲမှာ ပစ္စည်းတွေနဲ့ ပြည့်နေတဲ့ ကုန်တင်ကားတွေ မြင်ကြတယ်။ ဒါပေမယ့် လောလောဆယ်တော့ ဒေသတွင်းကုန်သွယ်မူကို ကြည့်ကြရအောင်။ ဒီနေရာမှာ လိုအင်ဆန္နတိုက်ဆိုင်မူ (Coincidence of Wants) ဆိုတဲ့ ပြဿနာတစ်ရပ်ကိုတွေ့ရပါတယ်။ ဒီပြဿနာဟာ ဒေသတွင်းမှ မဟုတ်ပါ။ နေရာတိုင်းမှာရှိပါတယ်။ ဒီပြဿနာကို ဒေသတွင်းအဆင့်မှာတင် မဖြေရှင်းနိုင်ရင် … လူမူအဖွဲ့အစည်းကြီး တစ်ခုလုံး ပြိုလဲသွားမှာပါ။ ပြီးတော့ ကုန်သွယ်မူလမ်းကြောင်းတွေလည်း… ရပ်တန့်သွားမှာပါ။ ဒါဖြင့် လိုအင်ဆန္နတိုက်ဆိုင်မူ( Coincidence of Wants ) ဆိုတာဘာလဲ? ဒါဟာ ကုန်သွယ်မူရဲ့ အခြေခံဖြစ်ပါတယ်။ ကျွန်တော် အင်္ကျီလုပ်တတ်တယ် လို့ဆိုပါစို့. ခင်ဗျားကတော့ စပါးစိုက်တယ်ပေါ့ဗျာ.. ခင်ဗျားလည်း အင်္ကျီလိုချင်မှာပဲ၊ ကျွန်တော်လည်း ထမင်းစားချင်မှာပဲ။ အိုကေလေ၊ ကျွန်တော်တို့ အချင်းချင်း ပစ္စည်းအလဲအထပ်လုပ်လို့ရတယ်။ အကယ်၍ ကျွန်တော်က ထမင်းမကြိုက်ဘူး၊ ခင်ဗျားကလည်း …. အင်္ကျီမလိုချင်ဘူး ဆိုပါတော့… အဲ့တာဆို ကျွန်တော်တို့နှစ်ယောက် ပစ္စည်းလဲလို့မရတော့ဘူး။ ဒါဖြင့်ရင် ကြာခံတစ်ယောက်ရှာရတော့မယ်။ အဲ့တာက အချိန်ပေးရတယ်။ ပင်ပန်းတယ်။ ဆိုကြပါစို့… ခင်ဗျားပစ္စည်းကို ကျွန်တော်မလိုချင်ဘူး။ ကြာခံလူလည်း ရှာလို့မရဘူးဆိုရင်…. ပြဿနာအကြီးကြီးတတ်တော့တာပဲ။ တစ်ခါတစ်လေ ကျွန်တော်တို့ထင်ထားတာထက်တောင်…. ပိုဆိုးနေနိုင်ပါတယ်။ ရေခဲသေတ္တာတွေ၊ ကုန်တင်ကားတွေမရှိတဲ့ အခြေအနေတစ်ခုကို စဥ်းစားကြည့်ရအောင်…. ကျွန်တော်က ငါးဖမ်းတယ်။ ခင်ဗျားက လယ်စိုက်တယ်။ ကျွန်တော်တို့နှစ်ယောက် ပစ္စည်းဖလှယ်ကြတယ်ဆိုပါတော့… ပြဿနာက အဲမှာစတာပဲ။ ခင်ဗျားလယ်ကွက်က တစ်နှစ်နေမှ တစ်ခါဖြစ်ထွန်းတာ… ကျွန်တော်က ဘာအပင်မှ မပေါက်သေးတဲ့ လယ်ကွက်တွေအတွက် ငါးတွေကြိုပေးထားလို့ မဖြစ်နိုင်ဘူး။ သိမ်းထားမယ်ဆိုရင်လည်း ခင်ဗျားရဲ့ သီးနှံတွေဖြစ်ထွန်းတဲ့ အချိန်ကျတော့ ပုပ်သိုးနေလောက်ပြီ။ ဒီဥပမာက ဘောင်ကျဥ်းနေတယ်။ ဒါပေမယ့်ရှေးခေတ်လူသားတွေဟာ… အစားအသောက်ကို အခြေခံပြီးတော့ပဲ အလဲအထပ်ပြုလုပ်ခဲ့ကြတယ်။ ဒီလိုနဲ့ အစားအစာမဟုတ်တဲ့ အခြားဝတ္တုပစ္စည်းတွေရှာဖို့ဖြစ်လာတယ်။ နှစ်ဦးနှစ်ဖက် သဘောတူတဲ့ ကြာခံပစ္စည်းလေးတစ်ခုလောက်ရှိရင် …. ပစ္စည်းလဲလှယ်တဲ့ နေရာမှာ ပိုအဆင်ပြေမလားလို့ စဥ်းစားလာကြတယ်။ အဲ့တာဆို လိုချင်တဲ့ ပစ္စည်းလေးတစ်ခုရဖို့ တစ်ဆင့်ပြီး တစ်ဆင့် အလဲအထပ်လုပ်နေစရာမလိုတော့ဘူး။ အဲ့မှာ ပိုက်ဆံဆိုတာပေါ်လာတာပါပဲ။ ပိုက်ဆံက မပုတ်သိုး တတ်ပါဘူး။ အထားခံပါတယ်။ ပြီးတော့ နှစ်ဦးနှစ်ဖက် ကတိပေး ထောက်ခံထားတော့ ကြားခံ အလဲအထပ်ပစ္စည်းအနေနဲ့…. အလွယ်တကူ သုံးလို့ရသွားတာပေါ့…. ကျွန်တော်တို့ဟာ ပိုက်ဆံဆိုတာနဲ့ ရွှေဒဂါး၊ ငွေးဒဂါး၊ တွေကို ပြေးမြင်ကြပါတယ်။ အမှန်က ကြာရှည်ခံမယ်… အထားခံမယ်…. သယ်ရပြုရ အဆင်ပြေတယ်ဆိုရင်…. ပိုက်ဆံလို့ သမုတ်လို့ရပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီး သမိုင်းမှာလည်း သက်သေအထောက်အထားတွေရှိပါတယ်။ ဥပမာ ကျွဲ၊နွား တိရစ္ဆာန်တွေကိုလည်း ပိုက်ဆံသဘောမျိုးသုံးခဲ့ကြဖူးတယ်။ ဟုတ်တယ်လေ… ကျွဲတွေ၊ နွားတွေက ကြာရှည်ခံတယ်။ အသားစားစား၊ နို့သောက်သောက် တန်ဖိုးရှိတယ်။ အဲ့ခေတ်တုန်းက ထိုက်သင့်သလောက်ရှားပါးတယ်။ ဥရောပသားတွေ အမေရိက စရောက်တုန်းက အရက်ကို ပိုက်ဆံသဘောမျိုးသုံးခဲ့ကြတယ်။ အရက်က သောက်လို့ရတယ်လေ… စစ်သုံးပန်းစခန်းတွေမှာဆိုရင် စီးကရက်တွေကို ပိုက်ဆံသဘောမျိုးသုံးလေ့ရှိကြတယ်။ ရှေးခေတ် တရုတ်ပြည်မှာဆိုရင် ပုံစံအမျိုးမျိုးရှိတဲ့ ဓားတွေ၊ ကိရီယာတွေကို ပိုက်ဆံသဘောမျိုး သုံးခဲ့ကြတယ်။ ပိုက်ဆံကို သတ္တုထည်နဲ့ လုပ်တဲ့စနစ်က အဲ့မှာစတယ်ဆိုပါတော့.. ကျွန်တော် အကြိုက်ဆုံးကတော့ …. Yap ဆိုတဲ့ ကျွန်းမှာ ကြီးမားတဲ့ ထုံးကျောက်တွေကို ငွေကြေးအနေနဲ့သုံးတာပါပဲ။ ဘယ်လောက်တောင်ကြီးလဲဆိုရင်…. ကျွန်းပေါ်သယ်လာပြီးရင် …. ဘယ်ကိုမှ ရွေ့မနေတော့ဘူး။ ဘယ်သူက ဘယ်အတုံးကို ပိုင်တယ်ဆိုတာကိုပဲ မှတ်ကြတော့တယ်။ အဲ့ထုံကျောက်ကြီးတွေကို လုပ်ဖို့ လိုအပ်တဲ့ ကျောက်ဆောင်ကြီးတွေ ကျွန်းပေါ်မှာမရှိဘူး။ တခြားကျွန်းမှာသွားထုဆစ်ရတယ်။ တစ်ခါတော့ ထုံးကျောက်တစ်ခု ထုဆစ်ပြီး ပြန်အလာ မုန်တိုင်းမိပြီး…. ထုံးကျောက်က သမုဒ္ဒရာအောက်ရောက်သွားတယ်။ အသက်ရှင်ကျန်ခဲ့တဲ့သူတွေက… ကျွန်ပေါ်က လူတွေကို ဘာဖြစ်ခဲ့တယ်ပြောပြလိုက်တော့…. ကျွန်းသားတွေက "ရေထဲမှာပေါ့ဟုတ်လား… ဒါလည်းရတယ်။" ဆိုပြီး သတ်မှတ်လိုက်ကြပါတယ်။ ဒါကြောင့်မို့ ဒီကနေ့ထိ အဲ့ရေအောက်က ကျောက်တုံးကြီးက ပိုင်ရှင်ရှိနေသေးလေရဲ့။ ဒီကနေ့ခေတ်မှာ ဘယ်သူမှ အဲ့ကျောက်တုံးကြီးမသုံးတော့ပေမယ့်…. ရှေးနှစ်ပေါင်းများစွာက အဲ့ကျောက်တုံးကို သုံးပြီး ပစ္စည်းပေါင်းများစွာကို အကြိမ်ပေါင်းများစွာ အလဲအထပ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ Yap ကျွန်းသားတွေရဲ့ ငွေးကြေးစနစ်ဟာ သူခေတ်သူ့အခါက အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ပိုက်ဆံတကာ တို့ရဲ့ ဘုရင် ဆိုတာရှိပါသေးတယ်။ သူ့ကို သမိုင်းမှာ အချိန်အတော်ကြာအောင်သုံးခဲ့ကြတယ်။ ကမ္ဘာတစ်လွှမ်း အတော်လေး …. ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ကြတယ်။ ဟင့်အင့်….ရွှေမဟုတ်ဘူး။ ကျွန်တော်လည်း အဲ့လို ထင်ခဲ့တာပဲ။ တကယ်တော့…. ခရုခွံတွေပါ။ အထားခံတယ်။ အတုလုပ်ဖို့ ခဲယဥ်းတယ်။ နည်းပညာမရှိဘဲ…. ဖမ်းယူထုတ်လုပ်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူး။ အဲ့တော့ ငွေကြေးဖောင်းပွတယ်ဆိုတာ ဖြစ်ခဲတယ်။ ကဲ… အဓိကဇတ်လမ်းကို ပြန်သွားကြမယ်။ ရှေ့မှာပြောခဲ့သလိုပဲ ရှေးခေတ်ငွေကြေးစနစ်မှာ ရွှေထည်၊ ငွေထည်အပါအဝင် ဝတ္တုပစ္စည်းအမျိုးမျိုးကို ကြာခံငွေးကြေးစနစ်တစ်ခုအနေနဲ့ အသုံးပြုခဲ့ကြတယ်။ ငွေကြေးစနစ် ကွဲပြားနေပေမယ့် သူတို့မှာ တူညီတဲ့ အချက်တစ်ချက်ရှိတယ်။ ငွေကြေးအဖြစ်အသုံးပြုတဲ့ ပစ္စည်းအားလုံးဟာ လူသုံးကုန်အနေနဲ့ပါ သုံးလို့ရပါတယ်။ ကြွေစေ့တွေဟာ ရှာပါးသလို၊ အရောင်တလက်လက်နဲ့ လှတဲ့အတွက် …. လက်ဝတ်ရတနာ အနေနဲ့အသုံးပြုလို့ရပါတယ်။ အဲ့တာကြောင့် တန်ဖိုးရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။ ရွှေထည်လည်း အလားတူပါပဲ။ ရှာပါးပြီးတော့၊ အလှဆင်ဖို့ အသုံးပြုလို့ရပါတယ်။ ကိုယ်ပိုင်တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို ငွေကြေးစနစ် တစ်ခုအနေနဲ့အသုံးပြုမယ်ဆိုရင် သဘာဝကျပါတယ်။ လက်ထဲမှာရှိတဲ့ ရွှေဒဂါးပြားရဲ့ တန်ဖိုးကို ယုံမှားသသံယဖြစ်ဖို့မလိုပါဘူး။ ပစ္စည်းဖလှယ်တဲ့နေရာမှာ…. ဘယ်သူက ကိုယ့်ရဲ့မြင်းကို … ဘာမဟုတ်တဲ့ စက္ကူထုပ်ကြီးနဲ့ လဲနိုင်မလဲ? ရွှေဒင်္ဂါတွေ၊ ကြွေစေ့တွေဆိုရင်တော့ တစ်မျိုးပေါ့… ဒါပေမယ့် စီးပွားရေးကောင်းမွန်တိုးတတ် ကြီးပွားလာရင် ဒီစနစ်က အလုပ်မဖြစ်တော့ပါဘူး။ ပထမတစ်ချက်အနေနဲ့ လူသုံးကုန်ပစ္စည်းတွေဟာ လေးလံပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေလုပ်တဲ့အခါ ပိုက်ဆံတွေ သယ်ရပြုရ အဆင်မပြေဖြစ်လာပါတယ်။ ပြီးတော့ တရားဥပဒေကင်းမဲ့ ဒေသတွေကို ဖြတ်သွားရတာလည်း …. အန္တရာယ်များလှပါတယ်။ နောက်ပြီး…. ငွေကြေးတန်ဖိုးကို လိမ်ဆင်တာတွေလည်းရှိနိုင်ပါတယ်။ အထူးသဖြင့်…. ငွေကြေးတန်ဖိုး ထိမ်းသိမ်းသူတွေပါ။ ငွေးကြေးအဖြစ်သုံးတဲ့ ဝီစကီကို ရေရောတာတို့… ရွှေဒင်္ဂါးပြားကို အရည်ကျို၊ ပြီးရင် ရွှေနည်းနည်းလေးပဲသုံးပြီး ဒင်္ဂါးပြားပုံသွင်းတာတို့… စတဲ့ ပြဿနာတွေရှိနိုင်ပါတယ်။ ပြီးတော့ စီးပွားရေး အဆမတန်ကြီးထွားလာရင်…. လူသုံးကုန်ကို အခြေခံထားတဲ့ ငွေကြေးစနစ်က အဟန့် အတားဖြစ်လာပါတယ်။ ရွှေကိုပဲကြည့်ပါ… ရွှေကို အခြေခံထားတဲ့ စီးပွားရေးက ….. အဆမတန် ဖွံဖြိုးကြီးထွားလာသလောက် ရွှေမထွက်တော့ဘူးဆိုရင် ဘယ်နှယ်လုပ်ကြမလဲ? ဒါနဲ့ပတ်သတ်ပြီး ဘိန်းစစ်ပွဲ အကြောင်းပြောထားတဲ့ ဗီဒီယိုထဲမှာ တွေ့ခဲ့ပြီးပါပြီ။ အင်္ဂလိပ်တွေက တရုတ်ဆီက လက်ဖက်တွေကို ငွေထည်သုံးပြီး လဲလှယ်ခဲ့တာတွေလေ…. အမှန်တော့ အဲ့တာဟာ ငွေကြေးဖောင်းပွမူကို ဖြစ်နေစေခဲ့တာပါ။ ဒါတွေဟာ ခေတ်သစ် အစိုးရလက်ထက်ရောက်တဲ့အခါ အရေးပါတဲ့ … အကျိုးသက်ရောက်မူတွေ ဖြစ်လာပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ပိုက်ဆံလုံလုံလောက်လောက်မရှိပေမယ့် ရုတ်ချည်း အသုံးစရိတ်မြင့်ဖို့လိုလာပြီးဆိုရင်…. ပိုက်ဆံချေးတာတောင် သုံးလို့မလောက်ဖြစ်လာပြီးဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ? ဒါတွေကို လာမယ့် အပိုင်းဆက်တွေမှာတွေ့ရပါမယ်။ စီးပွားပျက်တဲ့ အကြောင်းတွေ၊ စီးပွားရေးက စစ်ပွဲ အဆုံးအဖြတ်ပေးတဲ့ အကြောင်းတွေ စစ်ပွဲက စီးပွားရေးကို အဆုံးအဖြတ်ပေးတဲ့အကြောင်းတွေကိုတွေ့ရပါမယ်။ အရေအတွက်ပေါ်အခြေခံထားတဲ့ ငွေကြေးစနစ်ဟာ ထိလွှယ် ရှလွှယ်ပါတယ်။ ဥပမာ တစ်ယောက်ယောက်က ရွှေတွင်းကြီး ရှာတွေ့သွားတယ်ဆိုပါစို့။ စပိန်တွေ အမေရိကတိုက်ကနေ ရွှေထည်၊ ငွေထည်တွေ တင်သွင်းလာတဲ့အခါ…. ဥရောပမှာရှိတဲ့ ရွှေ၊ငွေ စတဲ့ အဖိုးတန်သတ္တုအခြေခံထားတဲ့ ငွေးကြေးစနစ်ကို လာထိခိုက်ပါတယ်။ ဒီလိုနဲ့ ဥရောပတစ်ခွင် ငွေကြေးဖောင်းပွမူဒဏ်ကိုခံကြရပါတယ်။ အမေရိကတိုက်ကရွှေတွေဝင်လာတော့ ရွှေရဲ့တန်ဖိုးတွေကျကုန်တာပေါ့။ အစိုးရအနေနဲ့…. တစ်ယောက်ယောက်ကများရွှေတွေတူးနေပြီးဆိုရင် …. ဘုရားတနေရတော့တာပေါ့။ ဒါတွေအားလုံးကို နိုင်ငံတော်ထိပ်တန်း ခေါင်းဆောင်တွေလောက်သာ သိနိုင်ပါတယ်။ သင်ဟာသာမန်ဘဝကို ဖြတ်သန်းနေတဲ့သူဆိုရင်တော့…. ဒါတွေဟာ အလှမ်းဝေးနေပါလိမ့်မယ်။ တစ်ယောက်ယောက်ကများ ခင်ဗျားရဲ့ စပါးစေ့တွေကို "ပိုက်ဆံ" ဆိုတဲ့ စက္ကူနဲ့ လာလဲရင်…. ဒါ "အီကုန်းစက္ကူလား" …. ဆိုပြီး လှည့်သွားနိုင်ပါတယ်။ ဒါလည်း သင့်ကို အဆိုးမဆိုသာပါဘူး။ နောက်ရက်တွေမှာ ကျွန်တော်တို့နဲ့ အတူ ပိုက်ဆံဖြစ်ပေါ် လာပုံ သမိုင်းကြောင်းကို… ဆက်လက်လေ့လာကြတာပေါ့

Tags:

  1. Lom people in bangka belitung Indonesia my home land….
    They used to trade items with items,, The old fashioned way …

    But when dutch Colonialise us and modernisation occurs
    They become Alienated

    And me a malay who live with lom people, i feel pity for them… They Live in forest, hunt with primitive ways…. But weirdly they never get malaria….

  2. Barter theory is nonsense propaganda from vested interests. These guys seem as if they've never heard of tally sticks (at least the first few minutes). I can't recall the last time I've seen >500 dislikes.

  3. here's a couple of little tid bits of information on counterfeiting coins. the ridges in the coins edge of u.s coins were put there to prevent shaving off bits when coins were made from precious metals. people use to gold plate v nickles and try to pass them off as a 5 dollar coin. one person actually got away with it because he was def and mute so they couldn't say he said it was a 5 dollar coin or heard the clerk say anything.

  4. The answer to the question at the beginning of this episode is "because citizens were required to pay taxes with that currency"

    There is no evidence of a barter economy ever having existed. The first written records already show the existence of government issued money.

    Commodity backed currency is historically rare.

  5. The stone circle system sounds like an amazing story and I love it, especially because it puts such a spin on money that makes me go 'wait why is this weird paper stuff our currency again?'
    It's great.

  6. I have a theory on how another way the paper money can exist here's how it works:

    The paper is tax, the government will give jobs and in turn they will give the slips but more than they are actually claiming so that they will have revenue since the government cant give all jobs fishermen can get paper from the workers buying fish or gold smiths selling gold for money

    Hope this works i havent run a simulation

  7. How did humanity come to accept rectangular pieces of pulled trees as something to spend 8 to 10 hours a day working for? Indeed! And now it’s not even paper, it’s electronic circuits.

Leave a Reply

Your email address will not be published. Required fields are marked *